Facebook နဲ့ Gmail Account တွေကို သူများဟတ်လို့မရအောင် ဘယ်လိုလုပ်ထားရမလဲ တဲ့။အကိုကြီးတစ်ယောက် က ချက်မှာ လာမေးတာပါ။တော်တော်ဖြေရခက်တဲ့မေးခွန်းပါ။
ဘာလို့လဲဆိုတော့ Security အပိုင်းတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ Hacking နည်းပညာတွေလည်း တိုးတက်မြင့်မားလာမှာပါဘဲ။အဲ့လိုဘဲ Hacking နည်းပညာတွေတိုးတက်လာတာနဲ့အမျှ Security အပိုင်းတွေလည်း သူ့နဲ့အပြိုင် တိုးတက်လာကြမှာပါဘဲ။အဲ့တော့ မည်သည့်အကောင့်ဘဲဖြစ်ဖြစ် ဘယ်လိုမှ ဟတ်ယူလို့မရဘူးဆိုတာမရှိသလို မည်သည့်အကောင့်ကိုမှလည်း လွယ်လွယ်ကူကူနဲ့ ဟတ်ယူလို့၇တယ်ဆိုတာ မရှိပါဘူး။ဆိုလိုတာက အကောင့်တစ်ခုရဲ့ လုံခြုံမှုရာခိုင်နှုန်းဟာ အသုံးပြုသူပေါ်မှာဘဲ မူတည်ပါတယ်။ဟတ်ကာတစ်ယောက်ဟာ အကောင့်တစ်ခုကိုဟတ်တော့မယ်ဆိုရင် အဲ့ဒီအကောင့်ကို ဟတ်လို့ရမယ့် နည်းလမ်းတွေအကုန်လုံးကိုသုံးမှာပါဘဲ။အသုံးပြုသူအကောင့်ပိုင်ရှင်ရဲ့ Security မြင့်မားမှုပေါ်မူတည်ပြီး ဟတ်ကာတစ်ယောက်ရဲ့ထိုးဖေါက်မှုတွေဟာလည်း ပိုမိုပြင်းထန်လာမှာပါဘဲ။






