Showing posts with label ဆော့ဝဲလ်များ. Show all posts
Showing posts with label ဆော့ဝဲလ်များ. Show all posts

Friday, 19 April 2013

YoGen Vocal Remover v3.3.10 Full version with Crack


ပို့စ်အသစ်တွေမတင်ဖြစ်တဲ့အတွက် သူငယ်ချင်းတွေကို အရင်ဆုံးတောင်းပါတယ်။ကျွန်တော်လည်း အလုပ်တွေများပြီး ဒီဘက်ကို မလှည့်နိုင်ဘူးဖြစ်နေတာရယ် နောက်ပြီး ကျွန်တော့ အိမ်က စက်ကလည်း Hard Disk ပျက်နေလို့ အသစ်ပြန်ဝယ်ထည့်ရဦးမှာရယ်ကြောင့် ဘာမှမလုပ်ဖြစ်ဘူးဖြစ်နေတာပါ။အခု သူငယ်ချင်းတစ်ယောက်က ကာရာအိုကေဆိုချင်တယ်ဆိုလို့ Vocal Remover လေးရှာပြီး သူလည်း သုံးလို့ရအောင် သူငယ်ချင်းတွေထဲက ကာရာအိုကေ ဝါသနာပါတဲ့သူတွေလည်း အသုံးဝင်အောင် ရှာပြီးတင်ပေးလိုက်တာပါ။ကျွန်တော်တော့ စမ်းပြီးမဒေါင်းတော့ဘူးဗျာ။ကျွန်တော့ အလုပ်ကစက်က သူငယ်ချင်းတို့သိတဲ့အတိုင်းဘဲ။ဘာမှကိုလုပ်လို့မရတာ ဟီးးး ။အဲ့တော့ မူရင်းလင့်မှာဘဲ သွားဒေါင်းယူကြပေါ့ နော် ...။အဆင်မပြေတာရှိရင် အောက်မှာ ကွန်မန့်ရေးခဲ့ပေါ့။Crack File မထည့်တက်ဘူးဆိုလည်း ကွန်မန့်ရေးခဲ့လိုက်ပါ။ကျွန်တော် အားတဲ့နေ့မှဘဲ အင်တာနက်ဆိုင်သွားပြီး အသုံးပြုပုံအဆင့်ဆင့်ကို ဓါတ်ပုံရိုက်ပြီး ပြန်တင်ပေးပါ့မယ်။အခု အလုပ်ထဲမှာဆိုတော့ နည်းနည်းအခက်အခဲရှိလို့ နားလည်ပေးကြပါ။အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Software Download

Crack File Download

password: didiek

Thursday, 4 April 2013

Award Keylogger Pro 3.2 with Crack and Patch



                နည်းနည်းတော့ အန္တရာများတယ်ဗျ ... ဒါပေမယ့် လေ့လာရအောင် တင်ပေးလိုက်ပါတယ်။Full Version ဖြစ်ဖို့လည်း Patch , Crack တွေလည်း ပါ ပါတယ်။ကျွန်တော်လည်း မသုံးဖူးဘူး။အဲ့တော့ ကိုယ်ဘာသာကိုဘဲ စမ်းသုံးကြတော့နော်။အင်္ဂလိပ်ဆိုဒ်ကနေပြီး တိုက်ရိုက်ချိတ်ပေးလိုက်တာနော်....။အဆင်မပြေဘူး ဘာညာပြောသံကြားမှဘဲ .. ထစမ်းကြည့်တော့မယ် ခိေိ ...

Advanced SystemCare Pro 6.1.9.220 with serial key


ဒါလေးကတော့ ကွန်ပျူတာတစ်လုံးမှာ ရှိသင့်တဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ။မိမိတို့ ကွန်ပျူတာအသုံးပြုပြီး မပိတ်ခင်ကလေးမှာ သူ့နဲ့ ရှင်းပေးလိုက်ပါ။ကွန်ပျူတာ တစ်လုံးမှာ CPU ဘယ်လောက်အလုပ်လုပ်နေသလဲ? RAM ဘယ်လောက်အလုပ်လုပ်နေသလဲ?ဆိုတာကိုလည်း ပြထားတဲ့အတွက် ... ပြီးတော့ ကွန်ပျူတာရဲ့ ခံနိုင်ရည်အားကို ပြုံးတဲ့ပုံလေး မဲ့နေတဲ့ပုံလေး နဲ့ ပါ ပြထားတဲ့အတွက် .... သုံးရတာ စိတ်ကျေနပ်မှုရှိမှာပါ။ကွန်ပျူတာသုံးရင်း ကြည့်လိုက် ... မိမိ ခိုင်းစေနေတဲ့ ကွန်ပျူတာလေးက မိမိကိုပြန်ပြုံးပြနေတာ ဘယ်လောက် ကြည်နူးဖို့ကောင်းလဲ ... 

Monday, 18 March 2013

Windows Password Killer

Windows Password Killer Lite လေးတင်ပေးလိုက်ပါတယ်။လိုချင်တဲ့သူများ အောက်မှာ ဒေါင်းယူပါခဗျာ။ပြန်လည်မျှဝေတာပါ။အသုံးပြုပုံကတော့ အရင်ဆုံး ဆော့ဝဲလ်လေးကို Download ဆွဲပြီး Install လုပ်လိုက်ပါ။Box တက်လာတဲ့အခါ CD/DVD မှာ မိမိတို့ရဲ့ CD ROM ကိုရွေးပေးပါ။ပြီးရင် CD/DVD အလွတ်တစ်ချက်ကို မိမိတို့စက်ထဲထည့်ပေးပါ။Start ဆိုတဲ့ button လေးကို ကလစ်ပြီး အခွေ Burn ထုတ်လိုက်ပါ။Are you sure start to burning now လို့ပေးလာရင် Yes ကိုနှိပ်ပေးလိုက်ပါ။အခွေစပြီး Burn နေပါပြီ။
( သတိပြုရမှာက အခွေ Burn နေတုန်းမှာ ဘာမှမလုပ်ပါနဲ့။ဘယ် Program ကိုမှ ဖွင့်ထားခြင်း အသုံးပြုခြင်းမလုပ်ပါနဲ့။အခွေပျက်သွားပါလိမ့်မယ်။ )
အခွေထွက်လာပြီဆိုရင်တော့ ကျွန်တော်တို့ Windows Password Killer Boot CD တစ်ချက်ရပါပြီ။အဲ့ဒီ CD ချက်ကို မိမိတို့ Password ဖြုတ်ချင်တဲ့ စက်ထဲကိုထည့်ပြီး Restart ချပေးလိုက်ပါ။



Window တင်သလိုဘဲ BIOS မှာ FastBoot Device ကို CD/DVD ထားပြီ CD နဲ့ Boot တက်ပါ။ခဏကြာရင် Windows Password Killer လေးwindow တက်သလို တက်လာပါလိမ့်မယ်။
Box ပေါ်လာရင် Next ကို နှိပ်လိုက်ပါ။Windows User တွေ ပေါ်လာပါလိမ့်မယ်။အဲ့မှာ ကိုယ်ဖြုတ်ချင်တဲ့ User ကိုရွေးပြီ Remove the password မှာ အမှန်ခြစ်ပေးလိုက်ပါ။ပြီးရင် ကိုယ်အသုံးပြုမယ့် Password အသစ်ကိုထည့်ပေးပြီး Next နှိပ်လိုက်ပါ။ပြီးရင် ခဏစောင့်လိုက်ပါ။Create a new account ဆိုတာကို ရွေးပေးပြီး Next ကိုနှိပ်လိုက်ပါ။Account Name တောင်းတဲ့ Box လေးကျလာပါလိမ့်မယ်။မိမိ အသုံးပြုမယ့် နာမည်ကိုထည့်ပြီး Next နဲ့ထွက်လိုက်ပါ။Restart ကျပြီး စက်ပြန်တက်လာပါလိမ့်မယ်။အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။


Tuesday, 5 March 2013

IDM 6.15 build 3-protable




                 ဒါလေးကတော့ IDM Version 6.15 လေးပါ။ ဘာ Petch , Crack , Serial မှ မလိုဘဲ Double Click လုပ်လိုက်ရုံနဲ့ Full Version ဖြစ်သွားမှာပါ။

Friday, 22 February 2013

Hard Disk ထဲကဖိုင်တွေကိုစီဖို့အတွက် Defragglar

အခု သူငယ်ချင်းတွေကို Hard disk ထဲမှာ ရှိတဲ့ အသုံးပြုပြီးပျန့်ကျဲနေသောဖိုင်များကို စီပေးမယ့် Software လေး ပြန်လည်မျှဝေချင်ပါတယ်။Media Fire မှာ တင်ပေးထားပါတယ်။

Monday, 18 February 2013

Beini

                         ဒီဆော့ဝဲလ်လေးကိုတော့သိကြမယ်ထင်ပါတယ်။
WPA နဲ့ WPA2 WiFi တို့ကိုကောင်းမွန်စွာဟတ်ပေးတဲ့
ဆော့ဝဲကောင်းလေးတစ်ခုပါ။အသုံးပြုသူတော်တော်များပါတယ်။လိုရ မယ်ရ ၊ ကျနော် ဘော်ဒါကြီးတွေအတွက် တင်ပေးလိုက်ပါတယ်။အသုံးပြုပုံတော့မပြောတော့ဘူးနော်။
တော်ကြာ ကျနော်ကိုအမှုပတ်နေဦးမယ် ဟိဟိ။ကျနော်လည်း Hacker မဟုတ်ပါဘူး။နည်းပညာလေ့လာရင်း
ဝါသနာအရ ပြန်လည်မျှဝေပေးနေတဲ့ လူငယ်တစ်ဦးပါ။လိုအပ်မယ်ဆိုရင်တော့ သုံးကြည့်ကြပါ။
အကြောင်းတစ်စုံတစ်ရာဖြစ်ခဲ့ပါက ကျနော်နဲ့ မဆိုင်ပါဘူးနော်။ပေးလည်းပေးရ အမှုလည်းရှင်းရဆို သိပ်မလှချေဘူး။ကဲ ... ပြောနေကြာပါတယ် .... အောက်မှာသာ ဒေါင်းယူပေတော့ ....


 




FastStone Capture Full Version

ကျနော်တို့ ကွန်ပျူတာဖန်သားပြင်မှာ ရှိနေတဲ့ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို ဓါတ်ပုံရိုက်ယူပြီး လိုအပ်တဲ့နေရာမှာအသုံးပြုဖို့အတွက် သိမ်းထားချင်ကြမှာပါ။ဒီကောင်လေးကတော့ ဗီဒီယိုပါရိုက်ကူးလို့ရတဲ့ ဆော့ဝဲလ်လေးပါ။ဓါတ်ပုံရိုက်ပြီးတာနဲ့ လိုအပ်တဲ့စာသား (ကိုယ်ရေးချင်တာလေးတွေရေးဖို့လည်း ပေးထားပါတယ်) လေးတွေထည့်ပေးလို့ရပါတယ်။ဒါပေမယ့် သူက Zawgyi one တော့ မရပါဘူး။မြန်မာဖေါင့်အလှလေးတွေကိုတော့  ဒီနေရာမှာ  ဒေါင်းယူလိုက်ပါ။ FastStone Capture အတွက် Full Version ဖြစ်ဖို့က တာ့ Patch တွေ ဘာတွေမလိုအပ်ပါဘူး ...သူ့ရဲ့ လိုင်စင်ကီးလေးထည့်ပေးလိုက်ရုံပါဘဲ။အဲ့တော့ ဆော့ဝဲလ်မရှိသေးတဲ့သူတွေကတော့ အောက်မှာဒေါင်းယူလိုက်ပါ။ပြီးရင် သူ့ကိုဖွင့်ပြီး ကီးတွေထည့်ပေးလိုက်ပါ။ရှိတဲ့သူတွေကတော့ မည်သည့်ဗားရှင်းဖြစ်နေပါစေ ... ကီးလေးထည့်ပေးလိုက်ရုံနဲ့ Fall Version ဖြစ်သွားမှာပါ။ ကီးထည့်ဖို့အတွက် ဆော့ဝဲလ်ကိုဖွင့်လိုက်ပါ။
ပြီးသွားရင် အောက်ကကျနော်ပေးထားတဲ့စာလေးတွေကို ကူးထည့်လိုက်ပါ.

Sunday, 17 February 2013

အိုင်ပီဖျောက်ချင်သူတွေအတွက် ဆော့ဝဲလ်ကောင်းလေး



                    အိုင်ပီဖျောက်ချင်တဲ့ဘော်ဘော်တွေအတွက် ဆော့ဝဲလ်ကောင်းလေး မျှဝေလိုက်ပါတယ်။
တကယ် HIDE ပေးပြီး အသုံးပြုတဲ့ Browser ကိုလည်း ပေါ့ပါစွာအလုပ်လုပ်စေပါတယ်။ အဆင်ပြေမယ်ထင်ပါတယ်။Full Version ဖြစ်ဖို့အတွက်လည်း Patch ဖိုင် ပါပြီးသားပါ။





Related Posts Plugin for WordPress, Blogger...
မအူပင်သားလေးဆီသို့အီးမေးလ်ပို့လိုလျှင်
foxyform