Monday 18 March 2013

Windows Password Killer

Windows Password Killer Lite လေးတင်ပေးလိုက်ပါတယ်။လိုချင်တဲ့သူများ အောက်မှာ ဒေါင်းယူပါခဗျာ။ပြန်လည်မျှဝေတာပါ။အသုံးပြုပုံကတော့ အရင်ဆုံး ဆော့ဝဲလ်လေးကို Download ဆွဲပြီး Install လုပ်လိုက်ပါ။Box တက်လာတဲ့အခါ CD/DVD မှာ မိမိတို့ရဲ့ CD ROM ကိုရွေးပေးပါ။ပြီးရင် CD/DVD အလွတ်တစ်ချက်ကို မိမိတို့စက်ထဲထည့်ပေးပါ။Start ဆိုတဲ့ button လေးကို ကလစ်ပြီး အခွေ Burn ထုတ်လိုက်ပါ။Are you sure start to burning now လို့ပေးလာရင် Yes ကိုနှိပ်ပေးလိုက်ပါ။အခွေစပြီး Burn နေပါပြီ။
( သတိပြုရမှာက အခွေ Burn နေတုန်းမှာ ဘာမှမလုပ်ပါနဲ့။ဘယ် Program ကိုမှ ဖွင့်ထားခြင်း အသုံးပြုခြင်းမလုပ်ပါနဲ့။အခွေပျက်သွားပါလိမ့်မယ်။ )
အခွေထွက်လာပြီဆိုရင်တော့ ကျွန်တော်တို့ Windows Password Killer Boot CD တစ်ချက်ရပါပြီ။အဲ့ဒီ CD ချက်ကို မိမိတို့ Password ဖြုတ်ချင်တဲ့ စက်ထဲကိုထည့်ပြီး Restart ချပေးလိုက်ပါ။



Window တင်သလိုဘဲ BIOS မှာ FastBoot Device ကို CD/DVD ထားပြီ CD နဲ့ Boot တက်ပါ။ခဏကြာရင် Windows Password Killer လေးwindow တက်သလို တက်လာပါလိမ့်မယ်။
Box ပေါ်လာရင် Next ကို နှိပ်လိုက်ပါ။Windows User တွေ ပေါ်လာပါလိမ့်မယ်။အဲ့မှာ ကိုယ်ဖြုတ်ချင်တဲ့ User ကိုရွေးပြီ Remove the password မှာ အမှန်ခြစ်ပေးလိုက်ပါ။ပြီးရင် ကိုယ်အသုံးပြုမယ့် Password အသစ်ကိုထည့်ပေးပြီး Next နှိပ်လိုက်ပါ။ပြီးရင် ခဏစောင့်လိုက်ပါ။Create a new account ဆိုတာကို ရွေးပေးပြီး Next ကိုနှိပ်လိုက်ပါ။Account Name တောင်းတဲ့ Box လေးကျလာပါလိမ့်မယ်။မိမိ အသုံးပြုမယ့် နာမည်ကိုထည့်ပြီး Next နဲ့ထွက်လိုက်ပါ။Restart ကျပြီး စက်ပြန်တက်လာပါလိမ့်မယ်။အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။


Related Posts Plugin for WordPress, Blogger...
မအူပင်သားလေးဆီသို့အီးမေးလ်ပို့လိုလျှင်
foxyform