Thursday 28 March 2013

Photo တွေသိမ်းပေးမယ့် Batch File လေး

                           အရမ်းလည်း လွယ်ကူပြီး ၊ အရမ်းလည်း အသုံးဝင်တဲ့ .bat file လေးတစ်ခု လက်ဆောင်ပေးချင်ပါတယ်။သူ့ရဲ့အသုံးဝင်ပုံကတော့ ဓါတ်ပုံတွေကို Folder တစ်ခုအလိုလိုဆောက်ပြီး သိမ်းပေးသွားတဲ့အတွက် အချိန်ကုန်သက်သာသလို လူလည်းအလုပ်မရှုပ်တော့ပါဘူး။အောက်က Coding လေးကို ကူးပြီး Notepad ထဲထည့်လိုက်ပါ။ပြီးရင် Save as မှာ ကြိုက်နှစ်သက်ရာ နာမည်ပေးလို့ရပါတယ်။ဒါပေမယ့် အနောက်မှာ .bat လေး ပါရပါမယ်။ဒါမှ သူက အလုပ်လုပ်မှာပါ။


@echo off
md Photos
xcopy *.jpg Photos /y
xcopy *.png Photos /y
xcopy *.bmp Photos /y
xcopy *.gif Photos /y
del *.jpg /q
del *.png /q
del *.bmp /q
del *.gif /q
Msg * " Your Photos Had Been Moved!!!"
cls
exit 

အဲ့ဒါလေးကို Copy ကူးပြီး Notepad ထဲထည့်လိုက်ပါ။ပြီးရင် example.bat နဲ့ Desktop ပေါ်မှာ Save လိုက်ပါ။စက်သွားပုံစံလေးဖြစ်နေပါမယ်။မိမိတို့ Desktop ပေါ်မှာ ဒေါင်းထားတဲ့ ပုံတွေအရမ်းများလာတဲ့အခါ အခု လုပ်လိုက်တဲ့ batch file လေးကို Double Click ပေးပြီး Run လိုက်ရင် Photo ဆိုတဲ့ Folder လေးတစ်ခုထဲ ရောက်သွားမှာဖြစ်ပါတယ်။အဲ့မှာ တခြား မိမိတို့စိတ်ကြိုက် Mp3 တို့ txt file တို့ ထည့်ချင်လည်း ရပါတယ်။ကျွန်တော်လည်း ကိုမိုးသက် ဆီက ယူလာတာပါ။
သူငယ်ချင်းတွေကို ပြန်မျှဝေချင်လို့ပါ။အဆင်ပြေကြပါစေဗျာ။


Related Posts Plugin for WordPress, Blogger...
မအူပင်သားလေးဆီသို့အီးမေးလ်ပို့လိုလျှင်
foxyform